Waivio

Hive ဈေးနှင့် Binance အလှူ။

1 comment

htwegyi1.1 K3 months ago

Hive ဈေးက ပြားနှစ်ဆယ်အောက်သို့
ရောက်ချေသည်။ အင်း ယခင်က Hive
ဈေး သုံးဒေါ်လာရောက်ရှိစဉ်က ကိုယ်တွေ
သီချင်းလေးပင်ဆိုမိသည်။
လူမွဲတွေက မနှေးခတ်မှီ သူဌေးဖြစ်တော့မည်။
ယခုတော့ သူဌေးမဖြစ်တာ အသာထားလို့
ဟိုဟာမဖြစ်အောင် မနည်းရုန်းကန်ကြရပေအုံးမည်။
Hive ဈေးက မည်သည့်အတွက်ကြောင့်
ဈေးတက်ဖို့ ကြန့်ကြာနေတာပါလိမ့်။
ဈေးသည်က တက်လိုက် ကျလိုက်ဖြင့်
တဖြည်းဖြည်း အထက်သို့တက်မလား အောင်းမေ့
သည်။

https://images.ecency.com/DQmYu6bG3rnyi8xC7cmzatNBvYXiacYKPrhvTbkhJiyowvh/20250407_143324.jpg

အထက်သို့ မတက်ပဲ အောက်သို့ကျကာ
အနီရောင်သန်းချေသည်။ အစိမ်းရောင်လေး
ပြလိုက် ထိုနောက် အနီရောင်ပြကာ အောက်သို့
ဇောက်ထိုး ဆွဲချနေသည်။ ဒီလောက်တောင်
ဖြစ်ထာ post တင်လို့ ရတဲ့ HBD တွေကို
Hive ကို ပြောင်းပြစ်သည်။ ကိုယ်တွေက
အဲ့သလို စိတ်ကြီးတာ။ နေနှင့်အုံးပေါ့ တနေ့
ဈေးတက်လို့က ဒင်းကို မှတ်လောက်အောင်း
ရောင်းလိုက်အုံးမယ်။ အဲ့သလိုနဲ့ ကြိမ်လာခဲ့တာ
နှစ်တွေလည်း ကြာပါပေါ့။

https://images.ecency.com/DQmf4y5FYgYvdAK34Sp9iKHwXMkVX9UYJVyPur8f6P2mVsM/20250407_144738.jpg

သတင်းနှစ်ခု ပြောရအုံးမည်။ ကိုယ်တွေ
ယခု စာ ရေးနေသည့်အချိန်မှာ ဖလန်း ဖလမ်း
ထနေကြသည်ဟု ကြားသိရသည်။ ချင်းပြည်နယ်
ဖလမ်းမြို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။
နောက် တစ်ခုက Binance က bnb များကို
ဒေါ်လာငါးဆယ်ဖိုး ပေးနေသည်ဟု သိရသည်။
ယနေ့ Facebook မှာ အချို့တွေ ရနေသည်ဟု
ပိုစ့်တင်ထားကြသည်။ ငလျင်ဒဏ်ခံရသော
ဒေသဖြစ်သည့် မန္တလေးမြို့မှ Binance
အကောင့်များကို ဒေါ်လာငါးဆယ် ပေးမည်ဟု
သိရသည်။ အခြားသူများကို ငါးဒေါ်လာပေး
မည်ဟု သိရသည်။

အသေးစိတ် သိသူများက ပို့စ်ရေး၍ ပြောပြ
ပါလျှင် ကောင်းပေမည်။ ယခု ကျွန်တော်
သိရသလောက် binance app ထဲက search bar
မှာ rewards hub ဆိုပြီး ရှာလိုက်၍ သူပေး
သော ဒေါ်လာများကို ရ မရ သိနိုင်သည်ဟု
သိရပါသည်။ Binance က မြန်မာနိုင်ငံ
ငလျင်ဘေးသင့်သူများကို လှူဒါန်းခြင်း ပြုသည်ဟု
သိရပါသည်။ သူက လှူတာတော့ ကောင်းပေသိ။
ကိုယ်တွေ မြန်မာနိုင်ငံက Crypto ဆိုသည်ကို
သိသူက တစ်ရာမှာ တစ်ယောက်ပင် ရှိမည်မဟုတ်ပေ။

https://images.ecency.com/DQmWMXWQ2dvHMw2gcDsHuTipisHE2fM7Rmy8i7qyHXCTXyr/20250407_144719.jpg

မည်သို့ဆိုစေ ကိုယ်တွေမှာ Binance Account
ရှိသည်။ သူပြောထားသော ငလျင်ဖြစ်သည့်
ဒေသ မန္တလေးမှာလည်း နေထိုင်သည်။
အခြား မည်သည့်အရာများ ကျန်သေးလည်း
မသိပေ။ ကျွန်တော့်အကောင့်က verified plus
မဖြစ်သေးပေ။ Postal coede ကို မည်သို့
ရှာရမည်မသိပါ။ သိသူ ဆရာများက မန့်ပေးခဲ့ကြပါ။
သူပေးသော ဒေါ်လာ ရ မရ
ကိုယ်ရဲ့ Binance Account မှာ နေ့စဉ်
သွားရောက်ကြည့်နေရပေအုံးမည်။
ကမ္ဘာသူ/သား အပေါင်းနှင့် မြန်မာပြည်သူ/သား
အပေါင်း ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

@htwegyi
April 7, 2025

Hashtags 8
A general topic community built around PoB technology and the POB token

Comments

Sort byBest