Waivio

Recommended Posts

Here Matchs Result

0 comments

donjaun7 hours ago2 min read

UCL အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားအပြီးမှာ နောက်တဆင့် အတွက် အသင်းတွေ ထွက်ပေါ်လာခဲ့၏။ မထင်မှတ်ထားသည့် အလှည့်အပြောင်းတွေလည်း ဖြစ်ပေါ်ခဲ့၏။ ဆင်ပျံကြီး Arsenal ကတော့ ရာနှုန်းပြည့်နိုင်ပွဲရယူကာ အဆင့် ၁ ဖြင့် Round of 16 တိုက်ရိုက် တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။ England အသင်း ၆ သင်းမှာ ၅ သင်းက တိုက်ရိုက် တက်လှမ်းပြီး ၁ သင်းကတော့ play off ကစားရမည် ဖြစ်၏။ New Castle အသင်း အနေဖြင့် playoff ကစားခွင့် ရမည် ဖြစ်၏။

နောက်ဆုံးပွဲစဉ်တွေက ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့် ပေးစွမ်း သွားခဲ့၏။ Ajax vs Olympiacos ပွဲစဉ်မှာ Olympiacos က 1-2 ဖြင့် အနိုင်ရကာ playoff အဆင့်သို့ တက်လှမ်းသွားခဲ့၏။ Ajax အသင်း၏ UCL ခရီးစဉ်ကတော့ အဆင့် ၃၂ ဖြင့် ပြီးဆုံးလို့ သွားခဲ့ရ၏။ Napoli vs Chelsea ပွဲစဉ်မှာ အိမ်ရှင် Napoli အနေဖြင့် ဦးဆောင်ဂိုး ကို အချိန်အတော်ကြာ ထိန်းထားနိုင်ခဲ့ပေမဲ့လည်း Chelsea က ချေပဂိုး ဦးဆောင်ဂိုးတွေ သွင်းယူပြီး နောက်တဆင့်ကို တိုက်ရိုက် ဝင်ခွင့်ဖြင့် တက်လှမ်း သွားခဲ့လေ၏။ Napoli အသင်း အနေဖြင့် အဆင့် ၃၀ နဲ့သာ နှုတ်ဆက်သွားခဲ့ရလေတော့၏။

Benfica vs Real Madrid ပွဲစဉ်ကလည်း ၂ သင်းလုံးအတွက် အရေးကြီးသည် နှင့်အတူ အကြိတ်အနယ် ရှိလှ၏။ Benfica အသင်းက Real Madrid ကို 4-2 ဖြင့် အနိုင်ရသွားခဲ့လေ၏။ Benfica အနေနဲ့ အဆင့် ၂၄ ဖြင့် playoff ဝင်ခွင့် ရသွားခဲ့လေ၏။ Real Madrid အနေနဲ့ ယခု ရှုံးပွဲကြောင့် အဆင့် ၉ နေရာဖြင့်သာ ကျေနပ်ခဲ့ရ၏။ တိုက်ရိုက်ဝင်ခွင့်ကို လွဲချော်ပြီး playoff ကစားခွင့်သာ ရသွားခဲ့လေ၏။ အဆင့် ၈ နေရာက အသင်းနှင့် ၁ မှတ်သာ ကွာ၏။

အဆင့် ၈ နှင့် ၉ မှ ၁ မှတ် ကွာခြင်း မဟုတ် အဆင့် ၅-၈ အသင်းတွေက အမှတ်တူကြ၏။ အမှတ်တူ ဂိုးကွာခြားချက်ကြောင့်သာ အဆင့် ရပ်တည်မှုတွေ ကွဲပြားသွားခြင်း ဖြစ်၏။ သရေကျခဲ့ရင် Real Madrid တို့ တိုက်ရိုက်ဝင်ခွင့် ရမှာ ဖြစ်ပေမဲ့ ရှုံးနိမ့်သွားခဲ့ခြင်းကြောင့် playoff သာ ကစားခွင့်ရသွားခဲ့၏။

EPL မှာ ရလဒ်တွေ ဆိုးနေပေမဲ့ UCL မှာ အစွမ်းတွေ ပြနေသည့် Tottenham အနေနဲ့ အဆင့် ၄ နေရာဖြင့် တိုက်ရိုက်ဝင်ခွင့် ရယူသွားခဲ့လေ၏။ Liverpool အသင်း အနေဖြင့် အုပ်စု နောက်ဆုံးပွဲစဉ်ကို 6-0 ဂိုးပြတ် အနိုင်ရယူကာ တိုက်ရိုက်ဝင်ခွင့် ရယူသွားခဲ့၏။ Man City အနေနဲ့ Galatasaray အသင်းကို 2-0 ဖြင့် အနိုင်ရကာ အဆင့် ၈ နဲ့ တိုက်ရိုက်ဝင်ခွင့် ရသွားခဲ့လေ၏။ UCL နာမည်ကြီး အသင်းတွေ တိုက်ရိုက် ဝင်ခွင့်အတွက် လွဲချော်သွားကြရပေမဲ့ Sporting CP ကတော့ အဆင့် ၇ ဖြင့် တိုက်ရိုက် ဝင်ခွင့် ရယူသွားနိုင်ခဲ့လေ၏။ Playoff ပွဲစဉ်တွေကို January 30 မှာ မဲနှိုက်သွားမည် ဖြစ်၏။

(photos from UCL page)

Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest