Another 3 Points
0 comments

United တို့ နိုင်ပွဲဆက်နေခဲ့၏။ Tottenham ကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်း ၂၉ မိနစ်မှာတင် Tottenham ကစားသမား Cristian Romero တိုက်ရိုက် အနီကဒ် ဖြင့် ထုတ်ပယ်ခံခဲ့ရ၏။ လက်ကျန် မိနစ်တွေမှာ Tottenham တို့ တယောက်လျော့နဲ့သာ ကစားသွားရ၏။ တယောက်လျော့နေပေမယ့် United ကို အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင် ကစားသွားခဲ့၏။ United အတွက် ဂိုးတွေကို ၃၈ မိနစ်မှာ Mbeumo နှင့် ၈၁ မိနစ်မှာ Fernandes တို့က သွင်းယူ ပေးသွားခဲ့၏။
နည်းပြ Michael Carrick လက်ထပ်မှာ United တို့ ၄ ပွဲဆက် နိုင်ပွဲ ရရှိထားခဲ့၏။ နည်းပြ Amorim လက်ထပ်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့တဲ့ Mainoo တယောက် Carrick လက်ထပ်မှာ ပုံမှန် ပွဲထွက်ခွင့်ရပြီး ခြေစွမ်းကောင်းတွေလည်း ပြသနေခဲ့၏။ ယခင် Mainoo ကို ပြန်လည် မြင်ခွင့်ရတာက တကယ် ဝမ်းသာစရာပင်။ ဗုဒ္ဓဟူးနေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာတော့ EPL Round 26 ပွဲစဉ် အဖြစ် West Ham အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။

Arsenal အနေဖြင့် Sunderland ကို အိမ်ကွင်းမှာ ၃-၀ ဂိုးပြတ် အနိုင်ယူပြီး အဆင့် ၁ နေရာကို ဆက်လက်၍ ဦးဆောင်ထား၏။ Aston Villa အသင်း အနေနဲ့ကတော့ Bournemouth ကို အဝေးကွင်းမှာ ၁-၁ သရေကျသွားခဲ့သဖြင့် Arsenal အသင်းနှင့် ၉ မှတ်ကွာ အနေအထားသို့ ရောက်ရှိသွားခဲ့၏။ အဆင့် ၄ က United နှင့် ၄ မှတ်သာ ကွာတော့၏။
Chelsea အသင်းကလည်း Wolves ကို အဝေးကွင်းမှာ ၁-၃ ဖြင့် အနိုင်ရယူပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေ၏။ ဒီနေ့ည ၁၁ နာရီမှာတော့ Super Sunday ၏ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမည့် Liverpool vs Man City တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ Arsenal ကို ဆက်လက် ဖိအားပေးဖို့ City အနေနဲ့ အမှတ်ရယူထားနိုင်ဖို့လို၏။ Liverpool အနေဖြင့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခွင့်အရေးရှိနေသေးသည်မို့ City ကို အမှတ် မပေးရအောင် ကစားသွားဖို့ ရှိနေ၏။
(photos from Premier League Page)

Comments